MNP ၊ ဒီဇင်ဘာ ၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊မြို့မအားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံတွင် ဒီဇင်ဘာ ၉ ရက် နံနက် ၇ နာရီက ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ လူရွေးပွဲ နှင့် အသက် ၁၈ နှစ်အောက် အထက်တန်း၊ အလယ်တန်းအဆင့် အမျိုးသား အမျိုးသမီး ဘော်လီဘော နှင့် ဘောလုံး အားကစားသမား ရွေးချယ်ပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘောလုံးအားကစားနည်း လူရွေးချယ်ပွဲအတွက် ပဏာမ အဆင့်လူရွေးချယ်ခြင်း၊ အပြီးသတ် လူရွေးချယ်ခြင်းများ ပြုလုပ်ပြီး ပြိုင်ပွဲများကို ယှဉ်ပြိုင်စေခဲ့သည်။
ဆက်လက်၍ အသက် ၁၈ နှစ်အောက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်း အမျိုးသား ဘော်လီဘော နှင့် အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ၊ပြေးခုန်ပစ် အားကစားနည်း အလိုက် လူရွေးချယ်ခြင်းနှင့် အကောင်းဆုံးကစားနိုင်သော ကျောင်းသား၊ ကျောင်းသူများ ကို သတ်မှတ် စည်းကမ်းများနှင့် အညီ အားကစားနည်းပြဆရာ၊ ဆရာမများက စိစစ်ရွေးချယ်ကာ၊ ပြည်နယ်အဆင့် ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق