ပုဇွန်တောင်မြို့နယ်တွင် ဆီနှင့်ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် ဆီနှင့်ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ



MNP - ဒီဇင်ဘာ ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်၊ နှစ်ကျိတ်ရှစ်ဆူဆွမ်းလောင်းဓမ္မာရုံ၌ ဆီနှင့်ကြက်ဥများကို ပြည်သူ များအား ရောင်းချပေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ ရောင်းချရာတွင် စားအုန်းဆီတစ်ပိသာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်ဖြင့် လူတစဦးလျှင် ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၅ လုံးတို့အား ရောင်းချပေးခဲ့ကြသည်။ အဆိုပါ ရောင်းချ ပေးရာနေရာသို့ ဗိုလ်တထောင်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးဝင်းနိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေး၍  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)