Pages

Pages

မောင်တောမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကျင်းပနိုင်ရေး လုပ်ငန်းညှိနိုင်းအစည်းအဝေး ပြုလုပ်


MNP ၊ ဒီဇင်ဘာ   ၈

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ် ၊ဒီဇင်ဘာ (၁၅)ရက်နေတွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကျင်းပနိုင်ရေး လုပ်ငန်း ညှိနိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကျင်းပ နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ ၊ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အကြို စာစီစာကုံး နှင့် ပန်းချီ ပြိုင်ပွဲ များ ကျင်းပခဲ့သည့် အခြေအနေများ နှင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်း တာ ဝန်များကို ဆွေးနွေး တင် ပြကြရန်  လိုအပ်ကြောင်း ပြောကြားခဲ့သည်။    ထို့နောက် တက်ရောက်လာကြသော ဌာန ဆိုင် ရာ များ တာ ဝန်ရှိသူများက  လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီး ဆွေးနွေး တင်ပြကြရာ  တင်ပြချက် များ အပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق