ကသာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



MNP - ဒီဇင်ဘာ  ၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။


အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားရာ၌ ခရိုင်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ခရိုင်အတွင်းရှိ မိမိတို့ရုံးဌာနနှင့် ဝန်ထမ်းများ၏ လုံခြုံရေးအခြေအနေများ၊ ဌာနဆိုင်ရာများအနေဖြင့် တာဝန်ကျရာဒေသအတွင်း တာဝန်ထမ်းဆောင်မှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ဌာနအလိုက်အခွန်အခ ကောက်ခံမှု၊ အခွန်ကြွေးကျန်၊ချေးငွေကြွေးကျန်များ ကောက်ခံမှုတို့ကို အားစိုက်၍ ကြိုးစားဆောင်ရွက် ကြစေလိုကြောင်းတို့ကို မှာကြားခဲ့သည်။


ဆက်လက်၍ အခွန်အခကြွေးကျန်နှင့် ချေးငွေကြွေးကျန်ကောက်ခံရရှိမှု အခြေအနေများ၊ တည်ဆောက်ရေး လုပ်ငန်းများတွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဆောက်လုပ် နေမှုများ၊ ခရိုင်အတွင်းစိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုအခြေအနေများတို့ကို သက်ဆိုင်ရာဌာနအသီးသီးတို့က ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် အကြံပြုတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင်  ဌာနဆိုင်ရာ များအနေဖြင့် မိမိတို့၏ဌာနလုပ်ငန်းတာဝန်များကို လျာထားချက် ပြည့်မီအောင် စေတနာ ထား ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြေင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)