မူဆယ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ အရည်အသွေးမြှင့် သင်တန်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မူဆယ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ အရည်အသွေးမြှင့် သင်တန်းပြုလုပ်



MNP - ဒီဇင်ဘာ   ၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ အရည်အသွေးမြှင့် သင်တန်းပြုလုပ်ခဲ့သည်။


အဆိုပါ သင်တန်းတွင် မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းက သင်တန်းအကြံပြု အမှာစကားပြောကြားခဲ့ပြီး မူဆယ်မြို့နယ် ရဲတပ်မှူး ဦးငွေတိုး က လည်း သင်တန်းနှင့်ပက်သက်သည်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမင်းမင်းအောင်က ဆင်းရွှေကြာ-၂ နေကြာမျိုး၏ အရည်အချင်းလက္ခာများနှင့် စိုက်ပျိုးရေးနည်းလမ်းကောင်း အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးမိုင်းညွှန့်လှိုင်က ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါအကြောင်းများ၊ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းအစီအစဉ် အကြောင်းအရာများ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း အချက်အလက်များနှင့် လုပ်ငန်းအကြောင်းအရာများ၊ ပိုလီယိုဗိုင်းရပ်ပိုး(၃) မျိုးအကြောင်းများ၊ AFP Cluster အကြောင်းများတွင်ပါရှိ AFP Case နှင့် ပက်သက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းအဆင့်ဆင့် အကြောင်းအရာများအား Projecter ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီးသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစိုးသီဟက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်သို့ပြောင်းရွှေ့ပြီး၊ မူလလုပ်ငန်းတာဝန်များ ဆောင်ရွက်နေမြဲ ဖြစ်ကြောင်း၊ ကျေးရွာများ၏ လမ်း/တံတားများပြုပြင် /လမ်းခင်းခြင်းများ လုပ်ငန်းများဖြစ်သည့် တံတာများအား ကျောက်လမ်းခင်းခြင်း၊ ကတ္တရာ လမ်းခင်းခြင်း၊ (၂၀') အောက်တံတာများဆောက်လုပ်ပေးခြင်း၊ ကွန်ကရစ်လမ်းများခင်းပေးခြင်း၊ (၂၀')အထက် တံတားများအား လုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်  ဆက်လက်ပြီးသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးယိုင်ဆိုင်ကလည်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းအရာများ၊ ကျေးလက်ရေပေးရေ လုပ်ငန်းလျာထားသည့် အခြေခံမှုများ၊ကျေးလက်ကုန်ထုတ်လမ်း/တံတားလုပ်ငန်းအကြောင်းများ၊ မူဆယ်မြို့နယ် ကျေးလက်မှ ဆောင်ရွက်ခဲ့သည့် ကုန်ထုတ်လမ်း/တံတားလုပ်ငန်းများ စာရင်းများနှင့် ကျေးလက်မီးလင်းရေးလုပ်ငန်း (မဟာဓာတ်အားလှိုင်းပြင်းပမီးလင်းရေး) လုပ်ငန်းအကြောင်းအရာများကို Projecter ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။


ယင်းသင်တန်းများကို မူဆယ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ချယ်ရီမြေ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)