မိုးကုတ်မြို့၌ ရှေးဦးသူနာပြုစုနည်းမွမ်းမံသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးကုတ်မြို့၌ ရှေးဦးသူနာပြုစုနည်းမွမ်းမံသင်တန်းဖွင့်လှစ်




MNP - ဒီဇင်ဘာ  ၃


မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ရှေးဦးသူနာပြုစုနည်းမွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို မြို့နယ်ကြက်‌ခြေနီအသင်းခွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သင်တန်းတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ဦးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး၊ မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းအား သင်တန်းဆရာ(၈)ဦးဖြင့် ကြက်‌ခြေနီသမိုင်း၊ ကြက်ခြေနီလှုပ်ရှားမှု၊ ရှေးဦးပြုစုခြင်းအ‌ခြေခံသဘော၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့်သွေးယိုစီးခြင်း စသည့်ဘာသာရပ်များ အပါအဝင် ဘာသာရပ်( ၁၈)မျိုးအား သင်တန်းသား(၃၀)ဦးဖြင့် ဒီဇင်ဘာလ(၂)ရက်နေ့မှ (၄)ရက်နေ့ထိ (၃)ရက်ကြာ သင်ကြားပို့ချ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - နန်းခွာညိုနှင်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)