သံတွဲမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကျင်းပ


MNP ၊  ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ လှုမှုဝန်ထမ်းဦးစီးဌာန မှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကိုယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သံတွဲခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူက အဖွင့်အမှာစကားပြောကြား ခဲ့သည်။ဆက်လက်၍ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက  ကမ္ဘာပေါ်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လိပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများသည် လူ့အခွင့်အရေးကို ချိုးဖောက် ခြင်းဖြစ်ပါကြောင်း၊  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်စေရန် ရည်မှန်းပြီး ၁၉၉၁ ခုနှစ် မှစတင်ကာ Women's Global Leadership Institute မှ ဦးဆောင်ပြီး အမျိုးသမီးများအား အကြမ်းဖက်မှု ဆန့်ကျင့်သည့် (၁၆) ရက်တာ လှုပ်ရှားမှုများကို နှစ်စဉ် နိုဝင်ဘာ(၂၅) ရက်နေ့မှ ဒီဇင်ဘာ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်၍ (၁၆) ရက်တာလှုပ်ရှားမှုကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကာ အသိပညာ ဆွေးနွေးပွဲများ ၊ ဟောပြောပွဲများပြုလုပ်ခြင်း ၊ လက်ကမ်းစာစောင်များကို ဆောင်ရွက်လျက်ရှိပါကြောင်းရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့  အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)