MNP ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ အမှတ်(၄)၊အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသူများက စိန်လာထွန်းလီ သီချင်းဖြင့် ကပြတင်ဆက်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် အဂ္ဂမဟာသရေစည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ဖတ်ကြားသည်။
ထို့နောက် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ဆုချီးမြှင့်ပေးကြပြီး နောက် ဆုရကျောင်းသား၊ ကျောင်းသူများနှင့်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာဆုရပန်းချီများနှင့် စာစီစာကုံးများကို ကြည့်ရှုကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက် ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost




ليست هناك تعليقات:
إرسال تعليق