ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဇီးပင်ကြိုးဝိုင်းရှိ ကျွန်း၊ ထင်းရှူး သက်ကြီးစိုက်ခင်း ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဇီးပင်ကြိုးဝိုင်းရှိ ကျွန်း၊ ထင်းရှူး သက်ကြီးစိုက်ခင်း ကြည့်ရှုစစ်ဆေး


MNP ၊ ဒီဇင်ဘာ ၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဇီးပင်ကြိုးဝိုင်းရှိ ၁/၁၉၈၄ ကျွန်း၊ ထင်းရှူးသက်ကြီး စိုက်ခင်းဧက ၅၅၀ ကို ထိန်းသိမ်းဆောင်ရွက် ထားမှုနှင့် ဇီးပင်ကြိုးဝိုင်း အကွက်အမှတ် (၁) ရှိ ၂၀၁၆ ခုနှစ် ကြီးမြန် ယမနေနှင့် ယူကလစ်ပုဂ္ဂလိက စိုက်ခင်း ၃၅ ဧကရှိ ကြီးမြန်သစ်မျိုးများ၏ ရှင်သန်ကြီးထွားမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ကြီး စိုက်ခင်းများ ရေရှည်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းရေးနှင့် ဒေသနှင့်ကိုက်ညီသောကြီး မြန်သစ်မျိုး စိုက်ခင်းများ တိုးချဲ့တည်ထောင်ရေး မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန နောင်ချိုမြို့နယ် ဘန့်ဘွေး သစ်တောရုံးရှိ လိပ်ကယ်ဆယ်ရေးစခန်းအတွင်း တရားမဝင် သယ်ယူမှုများမှ ဖမ်းဆီးရမိသော လိပ်ကြက်တူရွေး၊ လိပ်ဝါ၊ လိပ်မောင်း၊ လိပ်ပုပ်၊ လိပ်မဲကြီး၊ ရခိုင်လိပ် လိပ်မျိုးခြောက်မျိုး၊ ကောင်ရေ ၆၀၁ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်မှု ဆောင် ရွက်နေသည်ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ (ဝဲပုံ) တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ၁/၁၉၈၂ သက်ကြီးပျဉ်းကတိုး စိုက်ခင်း ဧက ၂၅၀ ကို ထိန်းသိမ်း ဆောင်ရွက်ထားမှုနှင့် ဘန့်ဘွေးအမြဲတမ်း ပျိုးဥယျာဉ်ရှိ ၂၀၂၃ မိုးရာသီအတွင်း လူထုဖြန့် စိုက်ပျိုးဆောင်ရွက်သွားမည့် သစ်မျိုး ၁၀ မျိုးဖြင့် ပျိုးပင် ၅၀၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)