ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ပြုလုပ်

 




MNP - ဒီဇင်ဘာ ၆


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လာနေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်မှ မြို့နယ်အဆင့်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့  နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာမြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမျိုးမင်းစိုးက ကလေးသူငယ်များ၏ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ကြိုတင်ကာကွယ်ရေးစသည့် အခြေအနေများကို ဆွေးနွေးမှာကြားခဲ့သည်။


ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာလွင်က ကော်မတီအစည်းအဝေး ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် မြို့နယ် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားရာ တက်ရောက် လာကြသော ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)