ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ





MNP ၊ ဒီဇင်ဘာ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သတ္တသတ္တာဟ(ပွင့်စေတီ)ဓမ္မာရုံ၌ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကို နေပြည်တော်ကောင်စီမှ ကြီးမှူး၍ ယမန်နေ့က ကျင်းပခဲ့သည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်   သာသနာရေးမှူးဦးဆန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ ပုဗ္ဗသီရိမြို့နယ် ရွှေလွှမ်းတောင်ကျောင်းပဓာနနာယက၊ ဘဒ္ဒန္တဥတ္တမမထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။       


ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးမှ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပန်ကြားကာ ဆရာတော်များထံမှ ဆုံးမဩဝါဒခံယူနာကြား၍ လှူဖွယ်ဝတ္ထုအသီးသီး ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ကြောင်း ရေစက်သွန်းချအမျှပေးဝေကာ "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)