ခရမ်းမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလူငယ် စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလူငယ် စကားဝိုင်းကျင်းပ



MNP - ဒီဇင်ဘာ ၁၀


ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန် ပြည့်စုံစေရေးနှင့် ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် ယနေ့ခေတ် ကျောင်းသား လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန် ပြည့်ဝစေရန်၊ လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်နှင့် အခြားသူများကိုလည်း ဗဟုသုတများမျှဝေရန် ဖြစ်ကြောင်း၊ စင်‌ပေါ်ကနေ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိစေရန်၊ လူငယ်များအချင်းချင်း အသိပညာများ ဖလှယ်နိုင်စေ၍ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်လူရွယ်များ ဗဟုသုတရရှိစေရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉:၃၀) တွင် ခရမ်းမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်း  ( မြို့မ )ကျောင်း မြို့မဂုဏ်ရည် ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရမ်းမြို့နယ် အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီးဒေါ်ဆွေ‌ဆွေမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေ က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများက  လူငယ်နှင့် စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်၊ လူငယ်စကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများထံမှ  သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)