Pages

Pages

ဂွမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖုန်းပြုပြင်နည်း သင်တန်းဖွင့်


MNP ၊ ဒီဇင်ဘာ  ၆

ရခိုင်ပြည်နယ်၊ဂွမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖုန်းပြုပြင်နည်း သင်တန်းဖွင့် အခမ်းအနားကို ယနေ့ ညနေ(၃) နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု ဖုန်းပြုပြင်နည်း သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်ပေါင်း (၂၀) ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق