သဲကုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေး နေကြာစုပေါင်းကွင်းပိတ် စိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေး နေကြာစုပေါင်းကွင်းပိတ် စိုက်ပျိုးပွဲကျင်းပ

 


MNP - ဒီဇင်ဘာ   ၅


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ စားသုံးဆီဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ (နေကြာ)စုပေါင်း စိုက်ပျိုးပွဲကို ချားလျားကုန်းကျေးရွာအုပ်စု၊ ချားလျားကုန်းရွာအပိုင်၊ ကွင်းအမှတ် ၉၇၄၊ လယ်ပိုင်ရှင် ဦးအောင်ဇော်ဦး၏ လယ်မြေပေါ်တွင် ယနေ့ နံနက် ၈:၃၀ အချိန်က ကျင်းပပြုလုပ် ခဲ့သည်။


ယင်းစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးပြီး စိုက်ပျိုးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းအဖွဲ့က စိုက်ပျိုးရေးဝန်ထမ်းများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန၏ ရေဆင်းစပ်မျိုး(၁) မျိုးစေ့သန့်များဖြင့် ဆောင်းသီးနှံနေကြာ (၃)ဧကစိုက်ပျိုးခဲ့ကြသည်။


သဲကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ဆောင်းနေကြာဧက (၂၃၃၇) စိုက်ပျိုးရန် ရည်မှန်းလျာထားပြီး ယင်းလျာထားဧကများတွင် ဆင်းရွှေကြာ(၂)နှင့် စပ်မျိုး(၁) နေကြာမျိုးစေ့များဖြင့် စိုက်ပျိုးမည်ဖြစ်ဖြစ်‌ကြောင်းနှင့် အဆိုပါ ရည်မှန်းလျာထား ဧကစိုက်ပျိုးနိုင်ရန်‌အတွက်  စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်း ဆောင်းနေကြာစိုက်တောင်သူများထံ သန့်စင်ပြီး နေကြာမျိုးစေ့များ ဖြန့်ဖြူးပေးထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။


ထို့အပြင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် သဲကုန်းမြို့နယ်၏ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် သွင်းအားစုများ အပါအဝင် မျိုးကောင်းမျိုးသန့် များရရှိရေး၊ ရာသီအလိုက် စိုက်ပျိုးသီးနှံများ လျာထားချက်ပြည့်မီ ကျော်လွန်စိုက်ပျိုးနိုင်ရေးနှင့် ပိုးမွှားများ ကင်းစင်ပြီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာပေးသင်တန်းများနှင့် အသိပညာပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဝင့်နန္ဒာဌေး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)