မိုင်းဖြတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ စိစစ်ရွေးချယ်နိုင်ရေး ကိုယ်ကာယကြံ့ခိုင်မှုများ ယှဉ်ပြိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ စိစစ်ရွေးချယ်နိုင်ရေး ကိုယ်ကာယကြံ့ခိုင်မှုများ ယှဉ်ပြိုင်

 


MNP - ဒီဇင်ဘာ ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွက် မြို့နယ်အဆင့် ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများကို စိစစ်ရွေးချယ်လျက်ရှိရာ ယမန်နေ့နံနက် ၇နာရီက ကိုယ်ကာယကြံခိုင်မှု စစ်ဆေးရွေးချယ် ခြင်းကို မြို့နယ်အားကစားကွင်း၌ ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ကိုယ်ကာယကြံ့ခိုင်မှု စိစစ်ရွေးချယ်ရာတွင် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ တာဝန်ကျ ဆရာ၊ ဆရာများ၏ ကြီးကြပ်မှုဖြင့် အထက(မိုင်းဖြတ်)၊ အထက(ဟိုနား)၊ အလက(ပါဆန်း)တို့မှ ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးတို့ မီတာ(၁၀၀)အပြေး၊ ကျား မီတာ(၈၀၀)၊ မ မီတာ(၄၀၀)၊ လက်မောက်တွန်းတင်၊ အိပ်ထမတင်၊ ရပ်လျက်အလျားခုန်တို့ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။


မိုင်းဖြတ်မြိုနယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများ စိစစ်ရွေးချယ်ရာတွင် Grade(11)၄ဦး၊ Grade(10) ၄ဦး၊ Grade(9) ၆ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့်တွင် ရွေးချယ်ခံရသူများကို ခရိုင်အဆင့်တွင် ဆက်လက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)