တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲဆက်လက်ကျင်းပ

 


MNP - ဒီဇင်ဘာ ၅


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲ (စတုတ္ထနေ့)ကို ယမန်နေ့နံနက် (၉:၃၀)အချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ ပဒေသာ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါမြန်မာ့သိုင်းပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားကိုးအားထားရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် မြန်မာ့ရိုးရာအားကစားနည်းဖြစ်သော မြန်မာ့သိုင်းပညာကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အားကစားမောင်မယ်များအတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။  


ပြိုင်ပွဲတွင် ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓားသိုင်းအတိုက်ပြိုင်ပွဲ၊ လက်သိုင်း၊ ဓါး(၂)လက်သိုင်း၊ တုတ်ရှည်၊ လလှံရှည်ပညာတို့ပါဝင်သည့် တစ်ကိုယ်တော် ပညာစဉ်ပြပြိုင်ပွဲစသည့် ပြိုင်ပွဲများအနက် ယနေ့စတုတ္ထမြောက်နေ့တွင် ဓါး(၁)လက်အတိုက်ပြိုင်ပွဲနှင့် ဗန်တိုအတိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေး တံဆိပ်ဆုများရရှိသည့် အရေအတွက်ပေါ်မူတည်၍ အမျိုးသား/ အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန့်မာ့သိုင်းပြိုင်ပွဲသို့ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အားကစားချစ်မြတ်နိုးသူ မိဘပြည်သူများ စုံလင်စွာတက်ရောက်အားပေးခဲ့ပြီး ၁.၁၂.၂၀၂၂မှ ၅.၁၂.၂၀၂၂အထိ (၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - စိုးဝဏ္ဏထွန်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)