လွိုင်လင်မြို့ ခရိုင်အားကစားကွင်းပြုပြင်ခြင်းနှင့်မြက်ကပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

လွိုင်လင်မြို့ ခရိုင်အားကစားကွင်းပြုပြင်ခြင်းနှင့်မြက်ကပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး



MNP - ဒီဇင်ဘာ  ၂


ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂  ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လွိုင်လင်မြို့ ခရိုင်အားကစားကွင်းပြုပြင်ခြင်းနှင့် မြက်ကပ်ခြင်းလုပ်ငန်းသည် နိုဝင်ဘာလ ၃၀ ရက်နေ့က ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေအား ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည် အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက နိုဝင်ဘာလ ၃၀ ရက်၊ မွန်းလွဲပိုင်းက ကွင်းဆင်းကြည်ရှု့စစ်ဆေးရာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီမှတာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသကြသည်။ ခရိုင်ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိချက်များအပေါ် ဖြည့်စွက်ဆောင်ရွက်ပေးရမည့် အချက်များကိုကုမ္ပဏီ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)