MNP - ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မင်းလှမြို့နယ်၊ သရက်အုပ်-လက်ပံတံခါး-ပုသိမ်-မုံရွာလမ်း (3.017km)အား မြေသားတာဘောင်ချဲ့၍ (5.49m)အကျယ်(200mm) ထုမြေနီခင်းခြင်း၊ ဈေးကြီး-ပုသိမ်-မုံရွာလမ်း-လမ်း(2.615km)အား မြေသားဘောင်ချဲ့၍ (5.49m) အကျယ် (200mm)ထုမြေနီခင်းခြင်းတည်ဆောက်နေမှု အခြေအနေများ၊ မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ရှမ်းတပ်နယ်မြေမီးသတ်စခန်းအလျား ၄၅ ပေ အနံ ၅၀ ပေအမြင့် ၂၆ ပေ RCC နှစ်ထပ်အား Silver Net ကုမ္ပဏီမှ တာဝန်ခံ တည်ဆောက်မှု အခြေအနေများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ရွာပုလဲကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း အရှည်(၅၂၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိလုပ်ငန်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ကျေးရွာထည့်ဝင်ငွေကျပ် ၅ သိန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာနေပြည်များ ကိုယ်တိုင်ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး ခဲ့သည်။
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူဆောက်လုပ်နေသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ သတ်မှတ်အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေးတို့အား အလေးထားလိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများကပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ဇာဇာ
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق