Pages

Pages

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲအားကြည့်ရှုအားပေး

 



MNP - ဒီဇင်ဘာ ၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌  အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲအား ဒီဇင်ဘာလ ၄ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူ မိဘများနှင့်အတူ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲသည် တိုင်းဒေသကြီးအဆင့် ပြုလုပ်သောပြိုင်ပွဲဖြစ်ပြီး အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲအား အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးကလည်းကောင်း၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင်  အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးကလည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق