MNP - ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စု၊ လက်သာ (ဘင်္ဂါလီ) ကျေးရွာတွင် ဒီဇင်ဘာ ၁၂ ရက်နေ့ညနေ ၄ နာရီအချိန်ခန့်က ပေါ့ဆမှုကြောင့် နေအိမ် (၅) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် (၁) စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲတွင် မီးငြိမ်းသွားနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ၊ ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ လက်သာ (ဘင်္ဂါလီ) ရွာနေ ဦးဇော်ကော်ရီ၏ ဓနိမိုး ၊ဝါးထရံ ကာ၊ မြေစိုက်နေအိမ်တွင် ကြက်ဥကြော်နေစဉ် မီးဖိုမီးမှ ဆီဒယ်အိုးသို့ မီးစတင်လောင်ကျွမ်ခဲ့ရာ အနီးရှိ ဓနိမိုး ၊ဝါးထရံ ကာ၊ ပျဉ်ခင်း နေအိမ်(၃) လုံးနှင့် နွားတဲ (၁) လုံးတို့အား မီးကူးစက်လောင်ကျွမ်းဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် လူ/ တိရစ္ဆာန် သေဆုံးမှုမရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုနှင့် ပတ်သတ်၍ မီးပေါ့ဆသုံးစွဲသူ ဦးဇော်ကော်ရီဒိန်အား အမှတ် (၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ညောင်ချောင်းနယ်မြေစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - အောင်ကျော်စိန်၊သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق