သံတွဲမြို့၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ လူငယ်စကားဝိုင်းကျင်းပ

 




MNP - ဒီဇင်ဘာ  ၇


သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(CommunityCentre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါအဆောက်အဦ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည် ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဦးမျိုးဝင်းက ကျောင်းသား၊ကျောင်းသူ လေးများအား အားကစားနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက(၁)၊ အထက(၂)၊ အထက(ကင်းမော်)၊ အထက(ခွဲ) မြို့မ၊ အထက(ခွဲ) ငကျော်တောင်၊ အထက(ဆင်ခေါင်း)၊ အထက(ရွှေလှေ) ၊ အထက(ခွဲ)မဲနယ်ကွင်း ကျောင်းများမှ ကျောင်းသား၊သူ (၈)ဦးတို့အား  အထက(၂)မှ အထက်တန်းပြဆရာမ ‌ဒေါ်သူသူစိုးက ဦးဆောင်၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်အောက်မှ လူငယ်နှင့်အားကစားအမျိုးအစားများ၊ အားက စားစိတ်ဓာတ်၊ အားကစားအနာဂတ်၊ အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးပြော ကြားကြပြီး တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ် အပြန်အလှန် ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။


အဆိုပါလူငယ်စကားဝိုင်းကို လူငယ်များအသိပညာအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတွေးအမြင်ကောင်းများ ရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သညလူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံ နိုင်ရေးတို့အတွက်ရည်ရွယ်၍ ယခုလိုစကားဝိုင်းများကို ကျင်းပပေးခြင်းဖြစ်ပြီး နွေရာသီကျောင်းပိတ် ရက်များတွင်လဲ ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများအတွက်အကျိုးပြုသင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)