ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

 



MNP - ဒီဇင်ဘာ ၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ တန်ဖိုးသင့် စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဝယ်ယူ စားသောက်နိုင်ရေး အတွက် ယမန်နေ့ နံနက် ၆ နာရီခွဲက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ကြက်သွန်နီ ၂၅ ကျပ်သား၊ ဆီတစ်ဆယ်သား၊ ငါးခြောက် ၂၅ ကျပ်သားပါ စားသောက်ကုန် ပစ္စည်းလေးမျိုးကို ငွေကျပ် ၃၀၀၀ ဖြင့် ပြင်ပပေါက်‌ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။


အဆိုပါ တန်ဖိုးသင့် စားသောက်ကုန်များ ရောင်းချပေးခြင်းကို ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက အိမ်ထောင်စု ၁၇၀ အား လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)