တာမွေမြို့နယ်တွင် အစိုးရ အဘိဓမ္မာ၊ဋီကာကျော်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် အစိုးရ အဘိဓမ္မာ၊ဋီကာကျော်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ


MNP ၊ ဒီဇင်ဘာ  ၉

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ယနေ့မွန်းတည့် (၁၂:၀၀)နာရီအချိန်က မြို့နယ်သံဃနာယက အဖွဲ့၏ ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ စီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို စတင်ကျင်းပပြုလုပ်ခဲ့ရာ သံသရာ လမ်းညွှန် အဘိဓမ္မာသင်တန်း၊ ပထမပြန်နှင့်အဘိဓမ္မာပြန့်ပွားရေးအဖွဲ့နှင့် ဓမ္မလမ်းပြအဘိဓမ္မာသင်တန်းတို့မှ သင်တန်း သား/သူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။ 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို အဆင့်(၃)ဆင့် သတ်မှတ်၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ပထမအဆင့် စာမေးပွဲများကို ကျင်းပပြုလုပ် ခဲ့ရာ အဘိဓမ္မာ စာမေးပွဲ (ပထမအဆင့်) ဖြေဆိုသူ (၅၉)ဦး၊ ဝိသုဒ္ဓိမဂ်စာမေးပွဲ (ပထမအဆင့်) ဖြေဆိုသူ (၂)ဦး စုစုပေါင်း (၆၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒုတိယအဆင့်နှင့် တတိယအဆင့် စာမေးပွဲများကိုလည်း ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့နှင့် ဒီဇင်ဘာလ(၁၁)ရက်နေ့တို့တွင် နေ့စဉ် မွန်းတည့် (၁၂)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)