Pages

Pages

မသန်စွမ်းသူများအား မသန်စွမ်းမှတ်ပုံတင်နှင့် ထောက်ပံ့ငွေများပေးအပ်

 



MNP -ဒီဇင်ဘာ   ၅


ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီတို့ကြီးမှူး၍ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို အားလုံးပါဝင် ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေးဆောင်ပုဒ်ဖြင့် ဒီဇင်ဘာလ ၃ ရက် နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်း ပညာရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဦးစီးဌာနအသီးသီးမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကြောင်း သင်တန်းများတွင် မသန်စွမ်းသူများတက်ရောက်နိုင်ရေး ဌာနအသီးသီးမှ ဆောင်ရွက်ပေးစေလို ကြောင်း၊ မသန်စွမ်းသူများ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်နိုင်စေရေးအတွက် အတားအဆီးကင်း သောပတ်ဝန်းကျင်နှင့် အလွယ်တကူလက်လှမ်းမီရယူ အသုံးပြုနိုင်ရေးတို့ကို ထည့်သွင်းစဉ်းစားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ ဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မသန်စွမ်းသူများကိုယ်တိုင်ပါဝင်ပြီး နည်းပညာနှင့်ပြုပြင်ပြောင်းလဲနိုင်သည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်၍ လက်လှမ်းမီရယူအသုံးပြုနိုင် သည့်လူ့အသိုင်းအဝန်းတစ်ရပ် ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မသန်စွမ်းသူပြည်သူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ မသန်စွမ်းသူများအရေးကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည့် အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကမ္ဘာ့ကုလသမဂ္ဂမှပေးပို့လာသည့် သဝဏ်လွှာ Video Clip နှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ဂုဏ်ပြုမှတ်တမ်း Video Clip တို့ကို အတူတကွကြည့် ရှုခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု မသန်စွမ်း သူများအား ကစားပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး မသန်စွမ်းသူ ၁၀၀ ဦးအား မသန်စွမ်းမှတ်ပုံတင်များ ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မသန်စွမ်းသူ ၁၀၀ ဦးအတွက် တစ်ဦးလျှင်ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း(၃၀)ကို ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မသန်စွမ်းအားကစားသမားများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား များပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق