ညောင်ရွှေမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး အရည်အချင်းစစ်ဆေးခြင်း စာမေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ရွှေမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး အရည်အချင်းစစ်ဆေးခြင်း စာမေးပွဲပြုလုပ်

 



MNP - ဒီဇင်ဘာ ၁


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး အရည်အချင်းစစ်ဆေးခြင်းစာမေးပွဲကို ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


လူရည်ချွန်ရွေးချယ်ရေး အရည်အချင်းစစ်ဆေးခြင်းတွင် စာတွေ့ဖြေဆိုခြင်း၊ လူတွေ့နှုတ်ဖြေ ဖြေဆိုခြင်းနှင့် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့ကို လူရည်ချွန်ရွေးချယ်ရေးအဖွဲ့မှ စစ်ဆေးရာ စာတွေ့ဖြေဆိုခြင်းကို နိုဝင်ဘာလ(၂၈)ရက်နှင့်(၂၉)ရက်တို့တွင် မြန်မာစာဘာသာမေး ခွန်း၊ အင်္ဂလိပ်စာဘာသာမေးခွန်းနှင့် ထွေထွေဗဟုသုတဘာသာရပ်များကိုလည်းကောင်း၊ လူတွေ့ နှုတ်ဖြေ ဖြေဆိုခြင်းကို နိုဝင်ဘာလ(၂၉)ရက်နေ့လည်ပိုင်းတွင်း ပြည်သူ့နီတိ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးဓလေ့၊ အထွေထွေဗဟုသုတ ဘာသာရပ်များကိုလည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို နိုဝင်ဘာလ(၃၀)ရက်နေ့တွင် အထက၊ ခေါင်တိုင်အားကစားကွင်း၌ လည်းကောင်း အသီးသီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး အရည်အချင်းစစ်ဆေးခြင်းသို့ ညောင်ရွှေမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ Grade-9တွင် ဝင်ရောင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၂၆)ဦး၊ Grade-10တွင် ဝင်ရောင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး၊ Grade-11 တွင် ဝင်ရောင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၂၈)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၈၄)ဦးရှိကြောင်း သိရှိရသည်။


သတင်း - စိုင်းအယ်ဘဲ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)