လင်းခေးတွင် ကမ္ဘာ့မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လင်းခေးတွင် ကမ္ဘာ့မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်




MNP - ဒီဇင်ဘာ ၄


ယနေ့ကျရောက်သော ကမ္ဘာ့မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် မြို့နယ်မသန်စွမ်းသူများ အလုပ်အမှုဆောင်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာကျန်းမာရေးစီမံကိန်းအဖွဲ့(RI)(လင်းခေးအခြေပြု) တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ မသန်စွမ်းသူ များတွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားနှင့် မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက လင်းခေးမြို့ဒက္ခိဏာရုံဟိုနား ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစီမံကိန်းအဖွဲ့(RI)မှ ဦးဟိန်းကျော်လင်း(SPO)က မသန်စွမ်းသူများဆိုင်ရာ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဦးစွာရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ဆက်လက်၍ ခရိုင်မသန်စွမ်းသူများအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည် များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။


ဆက်လက်ပြီး ရှမ်းပြည်နယ်မသန်စွမ်းသူများအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်လှိုင်က မိတ်ဆက်စကား ပြောကြားကာ အဖွဲ့ဝင်များမှ အပြန်အလှန်ဆွေးနွေးခြင်းဆောင်ရွက် ခဲ့ကြသည်။


ယင်းနောက်လင်းခေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းဝေက မသန်စွမ်းသူများနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းဆွေး နွေးပေးခဲ့ပြီးနောက် အခမ်းအနားကိုရုတ် သိမ်းလိုက်ပါသည်။ ထို့နောက် မသန်စွမ်းသူများအား လွန်ဆွဲပွဲနှင့် ဘတ်စကက်ဘော အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ဆုချီးမြှင့်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြ ပါသည်။


ယနေ့ပြုလုပ်ခဲ့သော အခမ်းအနားတွင် အဆိုပါပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတို့က မြို့နယ်အတွင်းမှ တက်ရောက်လာကြသော မသန်စွမ်းသူများ(၆၀)ဦးအတွက် အထောက်အကူပြုပစ္စည်းများအား တစ်ဦးချင်းစီအလိုက်ထံ ကူညီထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း တာဝန်ရှိသူထံမှ သိရသည်။


သတင်း - စိုင်းဇော်လတ်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)