ဆိပ်ဖြူမြို့နယ်တွင် ဧရာမင်းစပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် ဧရာမင်းစပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်



MNP - ဒီဇင်ဘာ ၁၁


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဧရိယာအတွင်းရှိ ကွင်းအမှတ် (၁၁၂၃/ ၁၉၇၅) ၊ ဦးပိုင်အမှတ် (၆၅) တောင်သူ ဦးသိန်းဇော် စိုက်ပျိုးထားသည့်  ၂၀၂၂ မိုးစပါး ဧရာမင်းစပါးမျိုးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၈နာရီက ဆောင်ရွက်သည်။


အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် မြေစာရင်း ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုးစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူ ဦးသိန်းဇော်က မိုးစပါးအတွက် ဧရာမင်းစပါးပျိုးများ ပျိုးထောင်စိုက်ပျိုးမှု၊ သွင်းအားစုမြေသြဇာများ ထည့်သွင်းမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်း ဆောင်ရွက်ခဲ့ပြီး စပါးပျိုးပင်ပွားမှုအခြေအနေနှင့် မိုးစပါးထွက်ရှိမှု အခြေအ‌နေများကို ကြည့်ရှု ခဲ့ကြသည်။


၂၀၂၂ခုနှစ် မိုးစပါးကို SRI စိုက်ပျိုးနည်းစနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးခဲ့ပြီး စပါးထွက်ရှိမှု အခြေအနေမှာ ၁၀၉ ဒဿမ ၃၇ တင်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။  


သတင်း - ကိုဇွဲ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)