Pages

Pages

ဂွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ




MNP ၊ ဒီဇင်ဘာ   ၅

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ် ဦးစီးမှူးရုံး ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က သင်တန်းဖွင့် မိန့်ခွန်း ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ထို့နောက်တာဝန်ရှိသူများက  အရန်မီးသတ်တူညီဝတ်စုံများ ပေးအပ်ခဲ့ရာ သင်တန်းသားများကလက်ခံရယူခဲ့ကြကြောင်း သိရသည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို မြို့ပေါ်(၃)ရပ်ကွက်၊ ရဟိုင်ကူးတို့ကျေးရွာ၊ ရဟိုင်ဖျားကျေးရွာ၊ ဒေါင့်ချောင်းကျေးရွာ၊ တောင်ပေါက်ကျေးရွာနှင့် မကျေးငူကျေးရွာတို့မှ သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁)လဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق