MNP - ဒီဇင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက အောင်မြေရိပ်သာကျေးရွာအုပ်စု၊ အောင်မြေ ရိပ်သာကျေးရွာ၊ ကွင်းအမှတ်( ၁၃၉၇)ကွင်း၊ တောင်သူ ဦးအေးဖေ၏ မနောသုခမိုးစပါးစိုက်ခင်း တွင် ကျင်းပခဲ့သည်။
ထိုမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူး ဦးအောင်အေးချမ်းလွင်၊ ခရိုင်စိုက်ပျိုးရေးဦးစီး မှူး ဦးထိန်လင်းဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ တက်ရောက်ကြ၍ ကြည့်ရှု အားပေးခဲ့ကြောင်း သိရပြီး၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒေသဝမ်းစာဖူလုံရေး၊ အထွက်တိုး စပါးများတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် မိုးစပါးစိုက်ဧရိယာများ၏ အထွက်နှုန်းကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်၍ မနောသုခမိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ စပါးတစ်ဧကလျှင် စပါးအစိုထွက်နှုန်း(၉၃.၇၅)တင်း၊ အခြောက်ထွက်နှုန်း(၈၆)တင်းဖြစ်ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သတင်း - တင်စိုးလွင်
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق