မအီမြို့၌ (၁၆)ကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ (၁၆)ကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ






MNP ၊  ဒီဇင်ဘာ  ၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်ဝင်စေတီတော်မြတ်၏ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီအချိန်မှ စတင်၍ ယနေ့နံနက် (၈)နာရီအထိ (၂၄)နာရီအကြာ ကျင်းပပူဇော်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ အင်တောင်ပရိယတ္တိစာသင်တိုက်၊ ပဒါနနာယကဆရာဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်ဖိတ်ထားသည့် ဆရာတော်သံဃာတော်များက မေတ္တာသုတ်တရားတော်အား ချီးမြှင့်ပေးတော်မူကြသည်။ ဆက်လက်၍ စေတာနာရှင်အလှူရှင်များက ဆရာတော်သံဃာတော်တို့အား လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တရားနာပရိတ်သတ်များသို့ ကင်းမဆရာတော်မှ အနုမောဒနာတရားများကို ဟောကြားပေးတော်မူခဲ့သည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် အင်တောင်ကျောင်းတိုက်ဆရာတော်ထံ၌ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ကင်းခြေကျောင်းတိုက်ဆရာတော်က ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာတို့အား တရားဓမ္မဖြင့် ပြန်ပို့ခဲ့သည်။ ယင်းနောက် အဆိုပါ မအီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်ဝင်စေတီတော်မြတ်၏ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဗုဒ္ဓသာသန စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။


အဆိုပါ (၁၆)ကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို အင်တောင်ပရိယတ္တိစာသင်တိုက်၊ ပဒါနနာယကဆရာဆရာတော် ဘဒ္ဒန္တကေသရက ကြီးမှူးစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပဌာန်းပွဲကို ပင့်ဖိတ်ထားသည့် မအီမြို့ပေါ်နှင့် နီးစပ်ရာပတ်ဝန်းကျင်ကျေးရွာဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော် အပါး(၂၀)တို့က (၂၄)နာရီအကြာ ကြွရောက်ရောက်ချီးမြှင့် ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)