ကြံခင်းမြို့နယ် မျောကုန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအား အသင်းအဖွဲ့မှတ်ပုံတင် ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ် မျောကုန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအား အသင်းအဖွဲ့မှတ်ပုံတင် ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး



MNP - နိုဝင်ဘာ  ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြံတောအုပ်စု  မျောက်ချောကုန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ယမန်နေ့နံနက်ပိုင်းက  အသင်းအဖွဲ့မှတ်ပုံတင် ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တတိယအဆင့်ရှိ မျောက်ချောကုန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအား ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရန်  မြို့နယ် မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက   မျောက်ချောကုန်း ကျောင်းတိုက်ဥက္ကဋ္ဌ ဆရာတော်ဦးပညာစာရနှင့် ကော်မတီအဖွဲ့ဝင်များဖြင့် တွေ့ဆုံပြီး  အသင်းအဖွဲ့ မှတ်ပုံတင်တွင် ပါရှိရမည့် အချက်များဖြစ်သော အသင်းအဖွဲ့၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ မှတ်ပုံတင်လက်မှတ် ရရှိသော အသင်းအဖွဲ့များ လိုက်နာရမည့် အချက်များ၊ ဥပဒေပါအချက်များ၊ လုပ်ထုံး/လုပ်နည်းများကို ဆွေးနွေးကြသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့မှ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်သီတာဦး၊ မြို့နယ် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက   မျောက်ချောကုန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွင်း လှည့်လည်ကြည့်ရှု့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)