Pages

Pages

ငပလီမြို့၌ ကျောင်းသားလူငယ်များ အသိပညာတိုးပွားစေရန် လူငယ်စကားဝိုင်းကျင်းပ




MNP ၊   ဒီဇင်ဘာ ၈

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူး၍  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များအသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများ ရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သညလူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့အတွက်ရည်ရွယ်၍ ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့  နေ့လယ် ၁ နာရီက ငလီမြို့ အထက (ငပလီ) ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးဖိုးရီအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား သည်။ ထို့နောက် ခြောက်ထပ်ကွမ်းလူရည်ချွန် ဒေါက်တာမြင့်နိုင်က ကျောင်းသား၊ကျောင်းသူ လေးများအား စာပေနှင့်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက(ငပလီ)၊ အထက(ဂျိတ္တော)၊ အထက(ခွဲ)လင်းသာကျောင်းတို့မှကျောင်းသား/သူများအား  အထက်တန်းပြဆရာမ ‌အိမ့်ဟန်နီစိုး က ဦးဆောင်၍ “လူငယ်နှင့်စာပေ” စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာကြည့်တိုက်နှင့်လူငယ် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ် အပြန်အလှန် ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق