မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာအတွင်း ဆောက်လုပ်လှူဒါန်းမှုများအား ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာအတွင်း ဆောက်လုပ်လှူဒါန်းမှုများအား ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်



MNP - ဒီဇင်ဘာ   ၅


မော်လမြိုင်မြို့၊ မုရောင်းကျေးရွာရှိ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာအတွင်း ဆောက်လုပ်လှူဒါန်းပြီးစီးခဲ့သည့်ထွန်းသမဏသုခကျောင်းဆောင်၊ အမှတ်(၁)ထွန်းသမဏသုခကျောင်းဆောင်၊ အမှတ်(၂)အဖွားဆောင်၊ ဝန်ထမ်းဆောင်၊ အုတ်တံတိုင်းခြံစည်းရိုးနှင့် မုခ်ဦးတို့အား မြတ်ဗုဒ္ဓဘုရားရှင်သာသနာတော်အတွက် ဆောက်လုပ်လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်သည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလှူရှင်အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း(ငရုတ်သီးမှုန့်လုပ်ငန်း)မိသားစုမှ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ ဘိုးဘွားရိပ်သာနှင့်မိဘမဲ့ဂေဟာအတွင်း ဆောက်လုပ်လှူဒါန်းပြီးစီးခဲ့သည့် ကျောင်းဆောင်သစ်များအပါအဝင် အခြားလှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ရတနာရွှေမိုး၊ ငွေးမိုးများ ရွာသွန်းဖြိုးကာ ဆရာတော်အရှင်မြတ်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။


မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာအတွင်း ယခုဆောက်လုပ်လှူဒါန်းပြီးစီးခဲ့သည့် ထွန်းသမဏသုခကျောင်းဆောင်၊ အမှတ်(၁)ထွန်းသမဏသုခကျောင်းဆောင်၊ အမှတ်(၂)အဖွားဆောင်၊ ဝန်ထမ်းဆောင်၊ အုတ်တံတိုင်းခြံစည်းရိုးနှင့် မုခ်ဦးတို့အတွက် အလှူရှင်အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း(ငရုတ်သီးမှုန့်လုပ်ငန်း)မိသားစုမှ စုစုပေါင်းလှူဒါန်းငွေကျပ်သိန်းပေါင်း (၁၁၄၀၀)ကျော်ဖြင့် ဆောက်လုပ်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)