(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရမ်းဗြဲမြို့၌ ကွန်ကရစ်လမ်းသစ်နှင့် Box Culvert သစ်ဖွင့်ပွဲ အခမ်း အနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရမ်းဗြဲမြို့၌ ကွန်ကရစ်လမ်းသစ်နှင့် Box Culvert သစ်ဖွင့်ပွဲ အခမ်း အနားကျင်းပ

 


MNP - ဒီဇင်ဘာ  ၁၃


ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရမ်းဗြဲမြို့၊ အမှတ်(၆)ရပ်ကွက်၊ ညောင်ပင်လှရွာသွားကွန်ကရစ်လမ်းသစ်နှင့် Box Culvert ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြသည်။


အခမ်းအနားတွင် ရှေ့ဦးစွာရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မေင်သန်းက အဖွင့်အမှာစကားပြောကြားသည်ပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇေယျာဖြိုးမှ ကွန်ကရစ်လမ်းနှင့် Box Culvert တို့၏လုပ်ငန်းဆောင်ရွက်မှုများကိုရှင်လင်းပြောကြားသည်။ ယင်းနောက် ညောပင်လှကျေးရွာမှ ကျေးရွာသူ/ကျေးရွားများ၏ကိုယ်စား ရပ်မိရပ်ဖဖြစ်သူ ဦးမင်းသိန်းမှ ကျေးဇူးတင်စကားပြန်ပြညန်လည်ပြောကြားသည်။


ဆက်လက်ပြီး ကွန်းကရစ်လမ်းသစ်နှင့် Box Culvert သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံငယ်အား မြို့နယ်စည်သာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဇေယျာဖြိုးမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးခင်မောင်သန်းထံသို့ ပေးအပ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မေင်သန်း၊ အမှုဆောင်အရာရှိ ဦးဇေယျာဖြိုးနှင့် မြို့မိမြို့ဖ ဦးအောင်စိုးတို့က ဖဲကြိုးဖွင့်လှစ်ပေးကြသည်။


အဆိုပါ ကွန်ကရစ်လမ်းနှင့် Box Culvert သစ်တို့ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ရခိုင်ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ရမ္မာထူးကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ပြီး ကွန်ကရစ်လမ်း အရှည်- ၉၃၄ ပေ၊ အကျယ်-၁၄ ပေဖြစ်ပြီး Box Culvert မှာ ၁၆ ပေ၊ ၅ ပေ× ၃ပေ ရှိပြီး ခွင့်ပြုငွေ ကျပ်သန်း ၆၀ ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း - အောင်နိုင် 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)