မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမှတ်(၇)မေဃဝတီမဂ္ဂဇင်း ထုတ်ဝေနိုင်ရေးနှင့် စာပေဟောပြောပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမှတ်(၇)မေဃဝတီမဂ္ဂဇင်း ထုတ်ဝေနိုင်ရေးနှင့် စာပေဟောပြောပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ




MNP - ဒီဇင်ဘာ ၄


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မေဃဝတီမဂ္ဂဇင်း ကော်မတီမှ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော မေဃဝတီမဂ္ဂဇင်း အမှတ်(၇)ဆက်လက် ထုတ်ဝေနိုင်ရေးနှင့် စာပေဟောပြောပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် မေဃဝတီမဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီနာယက ဦးစောညွန့်မှ အဖွင့်အမှာစကားပြောကြားပြီး စာပေကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေမှ မေဃဝတီမဂ္ဂဇင်း အမှတ်(၇)အချိန်မီ ထုတ်ဝေနိုင်ရေးနှင့် စာပေဟောပြောပွဲ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးရာ တက်ရောက်လာသူ ကော်မတီဝင် များက အကြံပြုဆွေးခဲ့ကြပြီး မေဃဝတီမဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် အလှူရှင် ဦးတင်သန်းမှ အလှုငွေ ၂၇၀၀၀ ကျပ်ကို လှုဒါန်းပေးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ စာပေကော်မတီဝင် (၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းဖေ


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)