မတ္တရာမြို့နယ်တွင် ဥပဒေဘောင်အတွင်း နေထိုင်သည့် ပြည်သူများက CRPH, NUG အပါအဝင် ၎င်းတို၏ လက်ပါးစေ PDFအကြမ်းဖက်အုပ်စုများကို အလိုမရှိကြောင်း ဆန္ဒပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်တွင် ဥပဒေဘောင်အတွင်း နေထိုင်သည့် ပြည်သူများက CRPH, NUG အပါအဝင် ၎င်းတို၏ လက်ပါးစေ PDFအကြမ်းဖက်အုပ်စုများကို အလိုမရှိကြောင်း ဆန္ဒပြ





MNP ၊ ဒီဇင်ဘာ ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြားကျေးရွာ၌ ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) တွင် CRPH, NUG အကြမ်းဖက်အဖွဲ့များ အပါအဝင် ၎င်းတို၏လက်ဝေခံ အကြမ်းဖက်သမားများကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


ဒေသခံပြည်သူများအနေဖြင့် မတ္တရာမြိုနယ်အတွင်းရှိ အကြမ်းဖက်အုပ်စုများ၏ လုပ်ရပ်များဖြစ်သော အပြစ်မဲ့ သံဃာတော်များနှင့် ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများကို မိုင်းခွဲဖျက်ဆီးခြင်း စသည်တိုကို မခံစားနိုင်တော့သဖြင့် ယခုလို ဆန့်ကျင်ရှုချကြောင်း ဆန္ဒထုတ်ခဲ့ကြခြင်းဖြစ်သည်။


ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ CRPH, NUG တို့၏ လက်ဝေခံ PDF အကြမ်းဖက်အုပ်စုများအနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေကြခြင်းကြောင့် ဒေသခံ ပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့များ အပြစ်ပြတ်ခြေမှုန်းပေးရန် တောင်းဆိုဆန္ဒပြမှုများ လုပ်ဆောင်လာကြသည်။


ယနေနံနက်ပိုင်းက နေပြည်တော်ကောင်စီရုံးရှေ့တွင် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက် PDF အကြမ်းဖက်အဖွဲ့များအား အပြစ်ပြတ်ခြေမှုန်းပေးရေး ဆန္ဒဖော်ထုတ်ပွဲကို သက်ဆိုင်ရာ တာဝန်ရှိသူများက တားမြစ်သဖြင့် လူစုခွဲပြန်ခဲ့ကြရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)