ဂွမြို့ လူထုအခြေပြုဗဟိုဌာနတွင် FDAမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက်များနှင့် ပတ်သက်၍ အသိပညာပေး(Talk Show)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ လူထုအခြေပြုဗဟိုဌာနတွင် FDAမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက်များနှင့် ပတ်သက်၍ အသိပညာပေး(Talk Show)ကျင်းပ



MNP ၊ ဒီဇင်ဘာလ  ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ FDAမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက်များနှင့် ပတ်သက်၍ အသိပညာပေး(Talk Show) ကို ယနေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က FDAမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက်များနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များအား မေးမြန်းခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေးက FDAမှ ၂၀၂၂-ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓာတ်ခွဲစစ်ဆေးခဲ့သော  အစားအသောက်နမူနာများအနက်မှ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိခဲ့သည့် အစားအသောက်အမျိုးအစား(၃၉)မျိုးနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိမှုများ အကြောင်းကို ပြန်လည် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)