မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ Fitness Dance လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ Fitness Dance လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲ






MNP ၊ ဒီဇင်ဘာ ၃

ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိမှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုနိုင်စေမည့် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက (Myanmar Fitness Dance) စုပေါင်းကိုယ်လက် လှုပ်ရှားမှုကို ကမ်းနားလမ်းတွင် ကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းနည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများ ဒေသခံ အားကစားဝါသနာရှင်များ စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။


ထို့နောက် စုပေါင်းကိုယ်လက်လှုပ်ရှားမှု ကို အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) မှ သက်ဆိုင်ရာ နည်းပြများက ကျန်းမာရေး အထောက်အကူပြု အားကစားနည်း Fitness Dance လေ့ကျင့်ခန်းများကို စိတ်ပါဝင်စားစွာ မော်လမြိုင်မြို့၌ ဒီဇင်ဘာလူထု အားကစားကျန်းမာရေး အထောက်အကူပြု စုပေါင်းကိုယ်လက်လှုပ်ရှားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ ပြည်သူများ ကိုယ်ကာယကြံ့ခိုင်မှုရှိမှသာ ကျန်းမာပျော်ရွှင်သော ဘဝပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လူတိုင်း ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်ဆောင်ရွက်လျှင် ကျန်းမာရေး အတွက်များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့အတူ မော်လမြိုင်ကမ်းနား လမ်းတစ်လျှာက်တွင်လည်း၊ လမ်းလျှောက်သူများ၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း    ဆောင်ရွက်သူများအတွက် လေကောင်း၊ လေသန့်ရရှိပြီး၊ စိတ်လက် အပန်းဖြေ နေစရာ စီစဉ်ပေးထားကြောင်း သိရသည်။


ဆက်လက်၍ မော်လမြိုင်မြို့ တောင်ရိုးတန်း လမ်းတစ်လျှောက် ဌာနဆိုင်ရာများ၊ ပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


စည်သူ 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)