ကျောက်ဖြူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်သည့်(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် GENDER, CEDAW, NSPAW အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်သည့်(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် GENDER, CEDAW, NSPAW အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားပြုလုပ်



MNP - ဒီဇင်ဘာ  ၄


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင့်သည့် (၁၆) ရက်တာလှုပ်ရှားမှု GENDER, CEDAW, NSPAW  အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ကျောက်ဖြူခရိုင် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မော်မော်အောင်က (၁၆)ရက်တာလှုပ်ရှားမှုဟု အများသိကြသည့် ယနေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးအကြမ်းဖက်မှုများ ပပျောက်ရေးနေ့ဖြစ်ကြောင်း၊ ကျား/မ ဖြစ်ခြင်းကို အခြေခံပြီးဖြစ်ပေါ်လာသော အကြမ်းဖက်မှုများ ပပျောက်ရန် နှစ်စဉ်နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့ထိ စုစုပေါင်း(၁၆)ရက်ကို နိုင်ငံတကာလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ (၁၆)ရက်တာ လှုပ်ရှားမှုကို တစ်နည်းအားဖြင့် ဖဲကြိုးဖြူနေ့ဟုလည်း ခေါ်ဆိုပါကြောင်း၊ လှုပ်ရှားမှုကျင်းပရတဲ့ ရည်ရွယ်ချက်အနေဖြင့် (၄)ချက်ရှိပါကြောင်းနှင့် ယခုလို(၁၆)ရက်တာ ကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် လူအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သဖြင့် နိုင်ငံတိုင်းတွင် အသိပညာပေး လှုံ့ဆော်ခြင်း၊ ဟောပြောပွဲပြုလုပ်ခြင်း၊ ဆွေးနွေးပွဲပြုလုပ်ခြင်း၊ ပြပွဲပြိုင်ပွဲများပြုလုပ်ခြင်း၊ ပညာပေး ဆိုင်းဘိုးများစိုက်ထူခြင်းတို့ကို (၁၆)ရက်တာ ကာလအတွင်း ကျင်းပပြုလုပ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူးမှ အမျိုးသမီးများနှင့် ကလေးများအား အကြမ်းဖက်မှုနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအတွက် ဝန်ဆောင်မှုပေးနေသာ အခြေအနေများအား ဆွေးနွေးပြောကြားရာ အခမ်းအနားတက် ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)