၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 


MNP - ဒီဇင်ဘာ  ၁၁


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာ  ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အ.ထ.က (ကျိုက်မရော) ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ  မော်လမြိုင်ခရိုင် ပညာရေးမှူးဒေါက်တာ ဒေါ်ခင်သူဇာ က အခြေခံပညာမူလတန်းအဆင့် (Grade-5) တန်းများအတွက် စာမေးပွဲဆိုင်ရာ  ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပါတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။


အဆိုပါ အခြေခံပညာ မူလတန်းအဆင့် (Grade-5) စာမေးပွဲနှင့် ပါတ်သက်၍ တာဝန်ယူသင်ကြားပေးလျက်ရှိသည့် Grade-5သင်ကြားရေး ဆရာ၊ဆရာမများသည် အလွန်အရေးကြီးသဖြင့်  ယခုလိုစာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ခရိုင်ပညာရေးမှူး  ဒေါက်တာ ဒေါ်ခင်သူဇာက ဆက်လက်ဆွေးနွေးပြီး Grade-5 ကျောင်းသား၊ကျောင်းသူများ၏ စာမေးပွဲဆိုင်ရာ အချက်အလက်များကို သင်တန်းနည်းပြ (၅)ဦးတို့က ပရိုဂျက်တာဖြင့် ကဏ္ဍအလိုက် သင်ကြားဆွေးနွေးပို့ချပေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ ကျိုက်မရော မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများနှင့် Grade-5 အတန်းသင်ကြား ပေးနေသော   ဆရာ၊ဆရာမ စုစုပေါင်း (၂၇၉)ဦးတို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကာလမှာ တစ်ရက်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ချိုမြတ်မြတ်ထွေး


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)