Pages

Pages

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H. E. Mr. Mongkol Visitstump ကို လက်ခံတွေ့ဆုံ


MNP ၊ ဒီဇင်ဘာ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး  H. E. Mr. Mongkol Visitstump ကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ ၄ ရပ်နှင့်အညီ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ‌ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ၊ မယ့်ဖားလုံဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တို့တွင် ရေရှည် တည်တံ့သော အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးစွာအမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق