KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ အိမ်ခြေ ၆၈၃ လုံး၊ မကွေးတိုင်းဒေသကြီး၌ အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်၌ အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်၌ အိမ်ခြေ ၃၀ လုံး မီးလောင်ပျက်စီး - Myanmar National Post

Myanmar National Post

News Agency

Breaking

KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ အိမ်ခြေ ၆၈၃ လုံး၊ မကွေးတိုင်းဒေသကြီး၌ အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်၌ အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်၌ အိမ်ခြေ ၃၀ လုံး မီးလောင်ပျက်စီး




MNP ၊ ဒီဇင်ဘာ ၆

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။


ထို့သို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ကျောက်အိုက်ကျေးရွာနှင့် ရွှေချောင်းကျေးရွာအနီးတို့သို့ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက် ခိုက်ခဲ့သောကြောင့် မိမိဘက်မှပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျောက်အိုက်ကျေးရွာ၏ အရှေ့မြောက်ဘက်နှင့် ရွှေချောင်းကျေးရွာ၏ အရှေ့ဘက်တို့သို့ အသီးသီးဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။ ထိုသို့ဆုတ်ခွာစဉ် ကျေးရွာများအတွင်းရှိ လူနေအိမ်အချို့အား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ကျောက်အိုက်ကျေးရွာရှိ လူနေအိမ် ၆၈ လုံးအနက် ၆၀ လုံး၊ ရွှေချောင်းကျေးရွာရှိ လူနေအိမ် ၂၇၃ လုံးအနက် ၈၀ လုံး မီးလောင်ပျက်စီးခဲ့ရသည်။


ယနေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် နေလယ် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဇီးဖြူကျင်း ကျေးရွာအနီးသို့အရောက်၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်းမှ လူနေအိမ်များအား အကာအကွယ်ရယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဆုတ်ခွာထွက်ပြေးစဉ် လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ၁၅၅ လုံးအနက် ၃၀ လုံးမီးလောင်ပျက်စီးခဲ့ရသည်။


KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ အိမ်ခြေ ၆၈၃ လုံး၊ မကွေးတိုင်းဒေသ ကြီး၌ အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်၌ အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်၌ အိမ်ခြေ ၃၀ လုံးရှိပြီဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)