ကရင်ပြည်နယ်အစိုးရအဖွဲ့မှ MPEG COMPANY LIMITED အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ MPEG COMPANY LIMITED အား လက်ခံတွေ့ဆုံ

 


MNP - ဒီဇင်ဘာ   ၄


ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က MPEG COMPANY LIMITED အား ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထို့သို့ တွေ့ဆုံရာတွင် MPEG Co.,Ltd မန်းနေးဂျင်းဒါရိုက်တာ ဒေါ်မြကေသီက  ကိုရီးယားနိုင်ငံ ရာသီသီးနှံ စိုက်ပျိုးရေးလုပ်သားများ ခေါ်ယူခြင်းလုပ်ငန်းကို ကရင်ပြည်နယ်ကိုယ်စားလှယ်အဖြစ် တစ်ရာသီလျှင်စိုက်ပျိုးရေး သမားလူဦးရေ ၅၀ မှ ၂၀၀ အတွင်း ပို့ဆောင်နိုင်ရေးကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)