Pages

Pages

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းအား ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna လာရောက်တွေ့ဆုံ





MNP ၊  ဒီဇင်ဘာ ၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယကောင် စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna အား လက်ခံတွေ့ဆုံကြသည်။


တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံအကူအညီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အိန္ဒိယမြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်ဖြင့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်း စစ်တွေဆိပ်ခံတံတား တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးနေမှု၊ ဆိပ်ခံတံတား ဖွင့်လှစ်နိုင်ရေးနှင့် လည်ပတ်နိုင်ရေးဆောင်ရွက်နေမှု၊ စစ်တွေ - ကျောက်တော် - ပလက်ဝ ကုလားတန်မြစ်ကြောင်း တူးဖော်ရေးဆောင်ရွက်နေမှု၊ ပလက်ဝမှ ဇူရန်ပူလမ်းကြောင်း ဖောက်လုပ်ပြီးစီးနိုင်ရေး စီစဉ်နေမှုနှင့် ရခိုင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီဖြင့် ဒေသတွင်း မီးလင်းရေးနှင့်ရေရရှိရေး စသောဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishnaနှင့် တာဝန်ရှိ သူများ တက်ရောက်ကြကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق