NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက အကြော်သည်ကို သေနတ်ဖြင့် ပစ်ခတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက အကြော်သည်ကို သေနတ်ဖြင့် ပစ်ခတ်




MNP ၊ ဒီဇင်ဘာ ၈

ယမန်နေ့ ညက သာကေတမြို့နယ်၊ ၈ရပ်ကွက်၊ နဝရတ် (၁)လမ်းထိပ်မှာ အကြော်ရောင်းနေတဲ့ ဦးရဲစိန် ကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သေနတ်နဲ့ ပစ်ခတ်သွားလို့ သေနတ် ၂ချက် ထိမှန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဦးရဲစိန်ဟာ ဇနီးဖြစ်သူ ဒေါ်လှမိုးဆွေနဲ့အတူ လမ်းထိပ်မှာ အကြော်ရောင်းနေစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်သမား (၂)ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပါတယ်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေ ရဲ့ ပစ်ခတ်မှုကြောင့် ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဦးရဲစိန် ကို လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ တပ်မတော်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပါတယ်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေဟာ တော်လှန်ရေးလို့ အမည်ခံပြီး တပ်မတော်ကို တိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကိုသာ လိုက်လံလုပ်ကြံသတ်ဖြတ်နေတာကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၄၀၀၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)