Pages

Pages

PDF အကြမ်းဖက်အဖွဲ့ဝင်များအတွက် အမှုလိုက်ပေးနေသည့် ရှေ့နေကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်






MNP ၊ ဒီဇင်ဘာ ၆

ကန့်ဘလူမြို့နယ်တွင် PDF အကြမ်းဖက်သမားများရင်ဆိုင်နေရသည့် ၅၀၅ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းစန်းရီ အား PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ကြောင်း ဒသေခံများထံမှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "အဲဒီရှေ့နေအမျိုးသမီးက ကန့်ဘလူ PDF တပ်ရင်း-၄ က ၅၀၅ နဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်သမားတွေအတွက် အမှုလိုက်ပေးနေတဲ့ ရှေ့နေပါ။ ရှေ့နေဒေါ်စန်းစန်းရီကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားပြီး သတ်ပစ်လိုက်ကြတယ်။ ကားကိုပါ လက်စဖျောက်ထားကြတယ်။ တော်လှန်ရေး အမည်ခံပြီးတော့ သဘောထားမတိုက်ဆိုင်တဲ့သူကိုမှ ရန်သူလိုသဘောထားတာမဟုတ်ဘူး။ သူတို့အတွက် အကျိုးဆောင်ပေးနေတဲ့ သူကိုလည်း ရန်ရှာတာပါပဲ။ ဒေါ်စန်းစန်းရီရဲ့ မိသားစုဝင်တွေက တိုင်ကြားထားတယ်လို့တော့ သိရပါတယ်။" ဟု ပြောသည်။

ဒေါ်စန်းစန်းရီ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ NUG အဖွဲ့ဝင်လည်းဖြစ် KIA/KIO မှ ဒူဝါဖော်ရန်နော်တောင် ဖြစ်ကြောင်း ဖော်ထုတ်ရေးသား တင်ပြထားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းရီ အား PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိခင် ဖြစ်သူ ဒေါ်လှလှရီ က NUG အကြမ်းဖက်အဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး စစ်ဦးစီးမှူး ဆိုသူထံ တင်ပြတိုင်ကြားသည့် စာတွင် ၁-၁၂-၂၀၂၂ ရက်နေ့က ကန့်ဘလူတရားရုံးမှအပြန် ခင်ဦးမြို့နယ်၊ အလယ်လျှိုရွာ၊ ရေကြည်ဦးရွာ၊ သုံးဆင့်ကန် ရွာအနီး ဗျူဟာလမ်းမကြီးပေါ်တွင် ညနေ (၄ ၀၀)နာရီ အချိန် PDF အကြမ်းဖက်သမားများက စစ်ဆေးစရာရှိသည်ဟုဆိုကာ ဒေါ်စန်းစန်းရီ၊ ကားဒရိုင်ဘာနှင့် အဖော်အမျိုးသမီးပါ (၃၀ဦးတို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ၂-၁၂-၂၀၂၂ ရက်နေ့တွင် ကားဒရိုင်ဘာနှင့် အဖော်အမျိုးသမီး ဒေါ်စန်းစန်းရီ အား စစ်ဆေးစရာရှိသဖြင့် PDF အကြမ်းဖက်သမားများက ထိန်းသိမ်းထားကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းရီ သည် ၈၈၈၈ ကာလကတည်းက တက္ကသိုလ်ဝင်တန်းကျောင်းသူ ခေါင်းဆောင်အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၂၀၂၁ နောက်ပိုင်း ပေါ်ပေါက်လာသော လူထုအုံကြွမှုတွင်လည်း NLD အစွန်းရောက် တိုင်းဖျက် ပြည်ဖျက် သာသာနာဖျက်များဘက်မှ ရပ်တည်ခဲ့သူဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းကြောင်း ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသည့် အကြမ်းဖက်သမားများအတွက် အခမဲ့ အကျိုးဆောင်ပေးနေသူဖြစ်ကြောင်း NUG အကြမ်းဖက်အဖွဲ့မှ အမည်ဖော်ပြထားခြင်းမရှိသော စစ်ဦးစီးမှူးဆိုသူထံ ပြန်လွှတ်ပေးရန် အသနားခံတင်ပြထားသည်ကို တွေ့မြင်ရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق