Pages

Pages

ဆရာမဒေါ်အေးမာထွန်းအား PDF အကြမ်းဖက်သမားများက လမ်းမအလယ်တွင် လူမဆန်စွာ ထိုးကြိတ်နှိပ်စက်ပြီး ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်

 


ဆရာမဒေါ်အေးမာထွန်းအား PDF အကြမ်းဖက်သမားများက လမ်းမအလယ်တွင် 

လူမဆန်စွာ ထိုးကြိတ်နှိပ်စက်ပြီး ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်အပေါ် 

ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်


ရက်စွဲ ။  ။ ၄-၁၂-၂၀၂၂

တမူးမြို့တွင် NLD အစွန်းရောက် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သြဇာခံ PDF အကြမ်းဖက်သမား(၁၀)ဦးခန့်က အမျိုးသမီးငယ်တစ်ဦးအား ယုတ်မာရိုင်းစိုင်းစွာ ဝိုင်းဝန်းထိုးကြိတ် နှိပ်စက်ပြီး ရက်စက်စွာ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခဲ့သည့် လူမဆန်သော ရက်စက်ယုတ်မာမှုကြီးကို ကျူးလွန်ခဲ့ကြပါသည်။

တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့ဝင်များက ယုတ်မာရိုင်းစိုင်းစွာ လမ်းမအလယ်တွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသူမှာ တမူးမြို့နေ ဆရာမဒေါ်အေးမာထွန်း ဖြစ်ပြီး PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်မှာ တွေ့မြင်သူတိုင်း အော့နှလုံးနာစရာ ရက်စက်ယုတ်မာမှုကြီး ဖြစ်ပါသည်။

ထိုသို့ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ ဆရာ/ဆရာမများအပေါ် လူမဆန်သည့် ရက်စက်ယုတ်မာမှုပေါင်းများစွာ ကျူးလွန်ခဲ့ကြရာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ ဆရာ/ဆရာမများ၊ နိုင်ငံဝန်ထမ်းများ သေဆုံးခဲ့ရသည်မှာ (၄၀၀၀)ကျော်အထိ ရှိခဲ့ပါပြီ။

ဆရာမဒေါ်အေးမာထွန်း ကဲ့သို့သော အမျိုးသမီးငယ် တစ်ဦးအပေါ် အကြမ်းဖက်သမားများက ဝိုင်းဝန်းအနိုင်ကျင့် စော်ကားရုံမျှမက လမ်းမအလယ်တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ပြခဲ့သော လုပ်ရပ်ကို တွေ့မြင်ရသည်ဖြစ်ရာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သြဇာခံ PDF အကြမ်းဖက်သမားများတွင် လူ့အသိစိတ် မရှိတော့သည်ကို ပြသရာ ရောက်ပါသည်။

ထိုသို့သော PDF အကြမ်းဖက်သမားများ၏ လူမဆန်သည့် ရက်စက်ယုတ်မာမှုအပေါ် မြန်မာ့လူမှုအသိုင်းအဝိုင်းကသာမက လူစိတ်ရှိသည့် မည်သူကမျှ လက်ခံနိုင်မည်မဟုတ်ပါ။

လမ်းမအလယ်တွင် ရက်စက်စွာ နှိပ်စက်ကလူပြု သတ်ဖြတ်ခြင်း ခံခဲ့ရသော ဆရာမဒေါ်အေးမာထွန်းအပါအဝင် PDF အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ဆရာတော်သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့ ပြည်သူများအတွက် CRPH, NUG, PDF အကြမ်းဖက်သမားများ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများကို တစ်မျိုးသားလုံးက ဝိုင်းဝန်းကန့်ကွက် ဆန့်ကျင်ကြရန် တိုက်တွန်းသည်။

ထိုကဲ့သို့ လူမဆန်စွာ ရက်စက်ယုတ်မာသော PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည့်အပြင် လူစိတ်မရှိတော့သည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို အမြတ်ပြတ်ခြေမှုန်းပေးပါရန် အလေးအနက် တောင်းဆိုသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق