Pages

Pages

ရွှေဘိုမြို့နယ်၊ မင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများအား လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိ





MNP ၊ ဒီဇင်ဘာလ ၁၀ 

ယမန်နေ့က ရွှေဘိုမြိုနယ်၊ မင်းရွာကျေးရွာအနီး  လယ်ကွင်းထဲတွင် PDF ပဒက်များက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ထွက်ပြေးသွားသဖြင့် လုံခြုံရေးအဖွဲမှ လိုက်လံ Pyitခတ်ဖမ်းဆီးခဲ့ရာ PDF အကြမ်းဖက်သမား ၂ဦး ကို အသေပစ်ခတ် ဖမ်းဆီးရိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


PDF အကြမ်းဖက်သမားများ အသုံးပြုသည့် တစ်လုံးထိုးသေနတ်   ၈ လက်၊ ၁၂ ဗို.ကျည်၈ တောင့်၊ KENWOOD အမျိုးအစားစကားပြောစက်  ၁ လုံး၊ လုပ်သေနတ်၇ လက်၊ လက်လုပ်မိုင်း၄ လုံး၊ သေနတ်ဒင်  ၄ ခု၊ မှန်ပြောင်း၁ လက်၊ ဂက်စ်သေနတ်၂ လက်၊ ကျည်ကာအင်္ကျီ ၄ ထည်၊ ဆိုင်ကယ် ၈ စီး၊ ဖုန်း ၂ လုံး၊ စာရွက်စာတမ်းများ သိမ်းဆည်းရမိပြီး အကြမ်းဖက်သမားများကို လက်ခံထားသည့် အိမ်ပိုင်ရှင်ဒေါ်မြင့်မြင့်သန်း အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဆက်လက်၍ PDF အကြမ်းဖက်သမားများထံမှ သိမ်းဆည်းရမိခဲ့သည့် ဖုန်းအတွင်းမှ စစ်ဆေးစုံစမ်းခဲ့ရာ ရွှေဘိုမြို၊ အမှတ် (၁၀) ရပ်ကွက် သရက်ခြံရပ်ကွက်တွင် စတိုးဆိုင်ဖွင့်ထားသော သက်အိမိုးသည် လုံခြုံရေးအဖွဲဝင်များ၏ သွားလာလှုပ်ရှားမှုများကို PDF အကြမ်းဖက်သမားများထံ သတင်းပေးနေကြောင်း သိရှိရသဖြင့် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق