ကန့်ဘလူမြို့နယ်တွင် PDF အာကမ်းဖက်သမားများ ထောင်ထားသည့်မိုင်းကွဲပြီး နွားကျောင်းနေသည့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် PDF အာကမ်းဖက်သမားများ ထောင်ထားသည့်မိုင်းကွဲပြီး နွားကျောင်းနေသည့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ



MNP ၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ရေပေါ်ကုန်းကျေးရွာရှိ သဖန်းဆိပ်ဆည်တမံအနီး၌ ဒီဇင်ဘာ ၁၂ ရက်နေ့က NLD အစွန်းရောက် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သြဇာခံ PDFအကြမ်းဖက်သမားများထာင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် နွားကျောင်းနေသည့် အသက် ၁၅ နှစ်အရွယ် အရပ်သား မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ မပိုပိုထွေး (၁၅) နှစ် ဖြစ်ပြီး ကန့်ဘလူခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒသေကြီးအတွင်း NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများနှင့် KIA ပူးပေါင်း၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်လျှက် မိုင်းထောင်ဖောက်ခွဲ၊ လုပ်ကြံသတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ အမြောက်အများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)