Pages

Pages

ဆရာတော်ဦးဝါသဝ ထံ PDF အကြမ်းဖက်သမားများ ဖုန်းဆက် ဆဲဆိုခြိမ်းခြောက်မှုများ လုပ်ဆောင်လျက်ရှိ

 


MNP ၊ ဒီဇင်ဘာ ၁၁

ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်များဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသော ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) ထံ PDF အကြမ်းဖက်သမားများက ဖုန်းဆက်၍ ဆဲဆိုမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဆရာတော် က "ဆရာတော်ဆီကို PDF တွေ ဖုန်းဆက်ပြီး ဆဲဆိုကြတာတွေ တော်တော်များနေပြီ။ သူ့အကုသိုလ်နဲ့ သူပဲလေ။ ဆရာတော်ကတော့ ဘာမှ မတုန့်ပြန်ပါဘူး။ ဒီကလေးတွေ လမ်းမှားရောက်နေကြပြီ။ သနားမိတယ်။ အသိတရား မရှိကြတော့ဘူး။ စိတ်မကောင်းဖြစ်မိတယ်။ တဖက်မှာ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုလည်း အချိန်မပေးနိုင်ဘူး။ သူတို့ အားရအောင် ဆဲပြီး ဖုန်းချသွားကြတာပဲ" ဟု မိန့်ကြားသည်။

ဆရာတော် အနေဖြင့် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် ချိတ်ဆက်လိုသူများ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များ ပေးထားရာမှ ပြည်ဖျက်မိစ္ဆာ PDF အကြမ်းဖက်သမားများက ဖုန်းနံပါတ် ရရှိပြီး ဆက်သွယ် ဆဲဆိုခြိမ်းခြောက်မှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။ PDF အကြမ်းဖက်သမားများအနေဖြင့် ဆရာတော်ကို လုပ်ကြံသတ်ဖြတ်ရန် နယ်မြေအတွင်း ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး လှည့်လည်သွားလာနေစဉ် မိုင်းစွဲတိုက်ခိုက်မှု ၃ကြိမ်အထိ လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق